မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍မြေပြင်လှည့်ကင်းများ ဆောင်ရွက်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍မြေပြင်လှည့်ကင်းများ ဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၁၄

မောင်တောမြို့နယ် နယ်မြေ ၁ အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲအောင်သပြေနယ်မြေရုံးမှ ရဲမှူး အောင်ဆွေဦး ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁)နယ်ခြားစောင့်တပ် Fultoli ကင်းစခန်းမှNaib Subedar Abdul Hannan ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ၁၃ ရက် နံနက် ၈ နာရီခွဲမှ ၁၁ နာရီခွဲအထိ မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ် ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ် မှတ်တိုင် ၄၇ မှ ၄၈ အထိ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက် ခဲ့သည်။

အလားတူ ယင်းနေ့ နံနက် ၉ နာရီမှ ၁၁ နာရီ မိနစ်၂၀ အထိ မောင်တောမြို့နယ် နယ်မြေ ၃ အမှတ်(၁)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ တောင်ပြို(ယာ)နယ်မြေရဲစခန်းမှ ရဲမှူး ငွေစိုး ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအမှတ်(၃၄) နယ်ခြားစောင့်တပ် Tumbru ကင်းစခန်းမှ Subedar Md.Mojibur Rahman ဦးစီး တပ်ဖွဲ့ဝင်များသည် မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်း အတိုင်း နယ်နိမိတ်မှတ်တိုင် ၃၄ မှ ၃၆ အထိ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

Tags