မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၂၆

မောင်တောမြို့နယ် နယ်မြေ(၁) အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ အောင်သပြေနယ်မြေရုံးမှ ရဲမှူး အောင်ဆွေဦး ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁)နယ်ခြားစောင့်တပ် Panchari ကင်းစခန်းမှ Naib Subedar Md. Salim Uddin ဦးစီးသည့်တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၅ ရက် နံနက် ၉ နာရီမှ ၁၁ နာရီ မိနစ်၂၀အထိ မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင်(၅၁/၅) မှ (၅၂)ထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင် လှည့်ကင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့ နံနက် ၈ နာရီမှ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ အထိ မောင်တောမြို့နယ် နယ်မြေ(၂) အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ငါးရံ့ချောင်းရဲကင်းစခန်းမှ ဒုရဲမှူး အောင်ကျော်ကျော် ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၃၄)နယ်ခြားစောင့်တပ် Rejupara ကင်းစခန်းမှ Naib Subedar Md. Mosharaf Hossain တပ်ဖွဲ့ဝင်များသည် မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင်(၄၁) မှ (၄၁/၅)ထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။