မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်

 

နေပြည်တော်၊ နိုဝင်ဘာ ၇

နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်မှ ၁၂ နာရီ ၄၅ မိနစ်အချိန်ထိ မောင်တောမြို့နယ်၊ နယ်မြေ(၂)၊ ရှေ့တန်း အမှတ် (၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ အောင်ဇူနယ်မြေရုံးမှ ရဲမှူး မျိုးမြင့် ဦးစီးသည့် တပ်ဖွဲ့ဝင်(၁၅)ဦး၊ စကားပြန်(၁)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁) BGB တပ်ရင်း Chakdhala ကင်းစခန်းမှ Subedar Md. Salim Miah ဦးစီးသည့်(၁၅)ဦး၊ စကားပြန်/လမ်းပြ(၁)ဦး တို့ သည် မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုး လမ်းအ တိုင်း နယ်နိမိတ် မှတ်တိုင်(၄၄) မှ (၄၅)ထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)

 

Tags