Naypyitaw Council

Apr 10, 2020

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း Coronavirus Disease( COVID -19) ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် လိုအပ်သည့်အထောက်အကူပစ္စည်းများလှူဒါန်းပွဲကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်ကောင်စီရုံးဧည့်ခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဌဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်နှင့် ဦးတင်ထွန်း၊‌ေနပြည်‌ေတာ်‌ေကာင်စီအတွင်းရေးမှူး ဦးနေလင်း၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

Mar 18, 2020

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ Coronavirus Disease 2019 (COVID-19) ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဌာနအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် အများပြည်သူ အနေဖြင့် သိရှိလိုက်နာ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးအတွက် နေပြည်တော်ကောင်စီ၏ (၁၈-၃-၂၀၂၀)ရက်စွဲပါ အမိန့်အမှတ် (၂၅/၂၀၂၀)ဖြင့် အမိန့်ကြေညာစာ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

Subscribe to Naypyitaw Council