"COVID-19 ရောဂါထိန်းချုပ်မှုများ၊ အသိပညာပေးခြင်းများနှင့်စပ်လျဉ်း၍ ပြည်သူလူထုနှင့် ဆက်ဆံ ရာတွင် ပြည်သူနှင့် တစ်သားတည်း ကိုယ်ချင်းစာတရားဖြင့် ဝန်ဆောင်မှုပေးရန်နှင့် ကျန်းမာရေးအသိ၊ သတိနှင့် လုပ်ငန်းဆောင်ရွက်ကြရန်၊"
"ပြည်သူမှ အားကိုးယုံကြည်သည့် အုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်နေမှုများအား ချီးကျူးအသိအမှတ်ပြု၊"
"ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများကို ထောက်ပံ့မှုများ ပေးအပ်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်ရန်၊"
“နယ်စပ်ဒေသမှ ပြန်လည်ဝင်ရောက်သူများထားရှိရန် စီစဉ်ထားသည့် Facility Quarantine နေရာများ တွင် လိုအပ်ချက်များ ချက်ချင်း ဖြည့်ဆည်းပေးနိုင်ရေး အခြားဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန်၊ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီတင်ပြရန်”
“အများပြည်သူအားလုံးအတွက် ဆောင်ရွက်နေချိန် သတ်မှတ် စည်းကမ်းချက်များ လိုက်နာမှု မရှိသူ များကို အများအကျိုးအတွက် တည်ဆဲဥပဒေ၊နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးဆောင်ရွက်ကြရန်”
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် လုပ်ငန်းကော်မတီများဖွဲ့စည်းနိုင်ရေး နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၀၉၀၀ နာရီတွင် ရုံးအမှတ်(၄၁)၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ တက်ရောက်အမှာစကားပြောကြားသည်။
Copyright © 2021. Information Committee. All rights reserved.