Ministry of Social Welfare Relief and Resettlement

စေတနာ့ဝန်ထမ်း သင်တန်းလက်စွဲစာအုပ်ကို မျှဝေလိုက်ပါသည်။

မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် COVID -19 ကာလအတွင်း မသန်စွမ်းသူများ ကာကွယ်စောင့်ရှောက်ရေးအတွက် မသန်စွမ်းသူများ COVID -19 အရေးပေါ်တုံ့ပြန်ရေး ပူးပေါင်းကော်မတီနှင့် ယနေ့နံနက်ပိုင်းက Video Conference ဖြင့် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ Quarantine နေရာများ၏ လိုအပ်ချက် များစာရင်းနှင့် စေတနာ့ဝန်ထမ်းစာရင်းများကောက်ယူခြင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက Video Conference ဖြင့်ဆောင်ရွက်ခဲ့ပါသည်။ ညှိနှိုင်းဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးဦးစိုးအောင်၊ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့အတွင်းရေးမှူး(၁)၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် လူမှုရေ

COVID - 19 ရောဂါတုံ့ပြန်ဆောင်ရွက်ရာတွင် စနစ်တကျပါဝင်ဆောင်ရွက်နိုင်ရန် စေတနာ့ဝန်ထမ်း (Volunteer) များကို လေ့ကျင့်သင်ကြားပေးရေးနှင့်ပတ်သက်၍ စေတနာ့ဝန်ထမ်း သင်တန်း လက်စွဲစာအုပ်ပြုစုရန် မြန်မာနိုင်ငံဆရာဝန်အသင်း အသင်းဥက္ကဌ၊ ဒုတိယဥက္ကဌများ၊ ဘာသာ ရပ်ဆိုင်ရာ ဆရာ၊ ဆရာမကြီးများနှင့် (၂၅.၄.၂၀၂၀) ရက်နေ့ ညနေပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက Video Conference ဖြင့် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID - 19 ရောဂါကူးစက် ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်နိုင်ရန်အတွက် ရေးဆွဲအတည်ပြုပြီးဖြစ်သည့်စီမံချက်ကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
၂။ အဆိုပါစီမံချက်အရ သက်ဆိုင်ရာစခန်းများရှိ စီမံခန့်ခွဲမှုကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့် စခန်းတွင်နေထိုင်သူများက အောက်ပါလုပ်ငန်းရပ်များကို ဆောင်ရွက်ကြပါရန်အသိပေးနှိုးဆော်အပ်ပါသည်။

မြန်မာနိုင်ငံတွင် COVID–19 ကပ်ရောဂါကူးစက်ပြန့်ပွားနေသည့် ယခုကာလ၌ ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလသို့ရောက်ရှိလာပြီဖြစ်၍ အပူရှိန်ပြင်းထန်မှုနှင့်အတူ မီးလောင်ခြင်း၊ ရေတွင်းရေကန်များ ခမ်းခြောက်မှုကြောင့်သောက်သုံးရေရှားပါးခြင်း၊ တစ်ခါတစ်ရံ လေပြင်းတိုက်၍ မိုးသီးကြွေခြင်းနှင့် အပူရှိန်မြင့်မားမှုကြောင့်ဖြစ်ပေါ်သည့် ကျန်းမာရေးဆိုင်ရာပြဿနာများ ပိုမိုခံစားရခြင်းနှင့် အသက်ဆုံး ရှုံးသည်အထိ ဖြစ်ပွားနိုင်ပါသည်။

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ Aries Elan Co.,Ltd က Surgical Mask ၊ Hand Gel နှင့် Surgical Glove များ လာရောက်လှူဒါန်း
ဧပြီ ၁၀၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကချင်ပြည်နယ် ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအား COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းဆောင်ရွက်
ဧပြီလ၊ ၈၊ နေပြည်တော်

ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းကူညီစောင့်ရှောက်ပေးမှုဖြင့် သတ်မှတ်နေရာ အဆောက်အဦများ တွင် ထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Community Based Facility Quarantine) နှင့် အခြား Quarantine အစီအစဉ်များတွင် ပါဝင်နေသူများသို့ အသိပေး ကြေညာချက်

၁။ COVID-19 ရောဂါပိုးကူးစက်သူများနှင့် အနီးကပ်ထိတွေ့ခဲ့သူများ၊ ပြည်ပနိုင်ငံများမှ ပြန်လည် ရောက်ရှိလာသူများကို ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းကူညီစောင့်ရှောက်ပေးမှုဖြင့် သတ်မှတ်နေရာ အဆောက်အဦများတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်းအစီအစဉ် ( Community Based Facility Quarantine)တွင် ပါဝင်စေခြင်းဖြစ်ပါသည်။

Subscribe to Ministry of Social Welfare Relief and Resettlement