နေပြည်တော် မတ် လ ၁၃ ရက်
COVID-19 ရိုက်ခတ်မှုကြောင့် ရင်ဆိုင်နေရသည် အခက်အခဲ အကြပ်အတည်းများအပေါ် ဖြေရှင်း ဆောင်ရွက်မည့်နည်းလမ်းများဆွေးနွေးနိုင်ရေး သုံးပွင့်ဆိုင် အစည်းအဝေးကို ယနေ့ နေ့လည် ၁၃:၃၀ နာရီတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ရာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့်အတူ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အလုပ်သမား ကိုယ်စားလှယ်များနှင့် အလုပ်ရှင် ကိုယ်စားလှယ်များ ဌာနဆိုင်ရာမှတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ရန်ကုန် အလုပ်သမားဆေးရုံကြီးမှ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ဒဂုံမြို့နယ်ရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ် သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ရုံးခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၉)ရက်နေ့၊ နံနက်ပိုင်းတွင် Covid-19 (Corona Virus) နှင့်ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်ခဲ့ ရာရန်ကုန်အလုပ်သမားဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ သမဂ္ဂအဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။
နေပြည်တော် ၊မတ် လ ၁၀ ရက်
လတ်တလောဖြစ်ပေါ်နေသော COVID-19 ရိုက်ခတ်မှုကြောင့် စက်ရုံ/အလုပ်ရုံ များတွင် ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲပြဿနာများနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနမှ ကြိုတင် ပြင်ဆင် ဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် ပတ်သက်သည့် ညှိနှိုင်း အစည်းအဝေးကို ၁၀-၃-၂၀၂၀ ရက်နေ့ (၁၄:၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးသိန်းဆွေ မှ တက်ရောက်၍ အမှာစကားပြောကြားသည်။
နေပြည်တော် ၊ မတ် လ ၆ ရက်
2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ အလုပ်သမားများအတွက် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာညှိနှိုင်း အစည်းအဝေးကို ၆-၃-၂၀၂၀ ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင်နေပြည်တော်ရှိ လူမှုဖူလုံရေးရုံးချုပ်၊ စုဝေးခန်းမ၌ ကျင်းပခဲ့ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးသိန်းဆွေ မှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
Copyright © 2021. Information Committee. All rights reserved.