ကချင်ပြည်နယ်တွင်ပထမဦးဆုံး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည့် Case-144 လူနာ မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးမှ ဆင်းခွင့်ပြု

ကချင်ပြည်နယ်တွင် ပထမဦးဆုံးကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့သည့် Case-144 လူနာသည် ရောဂါပိုးမတွေ့ရှိရတော့သည့်အတွက် ယနေ့ နံနက်(၉)နာရီက မြစ်ကြီးနား၊ ပြည်သူ့ဆေးရုံကြီးမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဆေးရုံအုပ်ကြီးထံမှ သိရှိရသည်။

အဆိုပါလူနာကို ဆေးရုံဆင်းခွင့်ပေးတယ်ဆိုပေမယ့် သားဖွားသင်တန်းကျောင်း (Facility Quarantine) မှာ နှစ်ပတ်နေရမယ်၊  နှစ်ပတ်ပြည့်မှဆေးရုံသို့ဆက်ပြရမယ်၊ ဒီအချိန်မှာကျန်းမာ လာတယ် ဘာမှမဖြစ်ဘူးဆိုရင်တော့ သူ့ကိုရောဂါပိုးမတွေ့ရှိတော့ဘူးလို့ သတ်မှတ်ပြီး လူကြားထဲသို့ အများနည်းတူ သွားလာနေထိုင်လို့ရသွားမယ်၊ ယခုလောလောဆယ် Facility Quarantine ထားရန်သတ်မှတ်ထားသည့် သွားဖွားသင်တန်းကျောင်းတွင် ပို့ဆောင်ထားကြောင်း မြစ်ကြီးနား ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဘုန်းမော်က ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းလူနာ၏ဆေးစစ်ချက်အဖြေမှာ မေ(၅)ရက်နေ့က Negative အဖြေထွက်လာပြီး (၄၈)နာရီအကြာ မေ(၈)ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယအကြိမ်း ထပ်မံစစ်ဆေးခဲ့ရာ ရောဂါပိုး မတွေ့ရှိရကြောင်း၊ ယနေ့ဆေးရုံမှဆင်းခွင့်ပြုလိုက်သည့် Case-144 သည် ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှဖြစ်၍ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်တွင် အလုပ်လုပ်ကိုင်ခဲ့ဖူးပြီး မိုညှင်းမြို့သို့ ပြန်ရောက်လာချိန်တွင် Quarantine အဖြစ်ထားရှိရာမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ရာ ဧပြီ(၂၄)ရက်နေ့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

စိန်ဝင်း(ပြန်/ဆက်)