တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယမြောက် အကြီးဆုံး စီးပွားရေးအင်အားရှိသည့်နိုင်ငံဖြစ်ပြီး၊ ကုန်သွယ်ရေးတွင် ဉီးဆောင်နေသောနိုင်ငံလည်း ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် ၂၀၀၃ ခုနှစ်အတွင်း SARS ဖြစ်ပွားပြီးခဲ့သည့်နောက်ပိုင်း၌ ကမ္ဘာ့စီးပွားရေးလုပ်ငန်းများ၏ မရှိမဖြစ်အစိတ်အပိုင်းဖြစ်လာခဲ့ပြီး ရေနံနှင့် ကြေးနီ ကဲ့သို့သော ကုန်ပစ္စည်းများ၏ဝယ်လိုအားကို တွန်းအားပေးနေသည့်နိုင်ငံလည်းဖြစ်ပါသည်။ ထို့ပြင် တရုတ်နိုင်ငံမှ ငွေကြေးတတ်နိုင်သူ များပြားလာသောကြောင့် ဇိမ်ခံပစ္စည်းများနှင့် မော်တော်ယာဉ်များကို ဝယ်ယူသုံးစွဲလာခြင်း၊ ခရီးသွားလာမှုများလည်း များပြားလာခြင်း တို့ကြောင့် ၂၀၀၃ ခုနှစ်အတ